TdSAN/ Coral Card

painter and cards reader

ပန်းချီပုံလေးတွေက စိတ်နှလုံးသားကို နူးညံ့စေတယ်တဲ့၊ သင့်အတွက်ပဲ သီးသန့်ဆွဲပေးမယ့် ပုံလေးတွေကို သိချင်ရင် ဒီလင့်ခ်ကို နှိပ်ကြည့်ပါ

အနက်ရှိုင်းဆုံးက အဖြေတွေ၊ သိဖို့လိုနေတဲ့ အမှန်တရားတွေကို ကတ်လေးတွေကနေတစ်ဆင့် တူတူအဖြေရှာကြမလား၊ လင့်ခ်ကို နှိပ်ကြည့်ပါ

✨ ပေါ့ပေါ့ပါးပါး Watercolor ပုံစံလေး 5x7" on paper | 20000


✨ ဆေးသားပျစ်ပျစ်၊ စုတ်ချက်ထင်းထင်းနဲ့ Gouache ပန်းချီ 5x7" on paper | 25000


🌱 The Seed Package

ဒီအတွက်လအလိုက် လက်ခံမယ့် art style လေးတွေက အမြဲပြောင်းနေမှာပါ။ The seed packageလေးကနေ ရတဲ့Feesတိုင်းကိုစုပြီး စံ လစဉ်ထည့်ကူနေကျ ကြောင်ဂေဟာလေး၂ခုအတွက် အလုံးစုံသုံးမှာဖြစ်ပါတယ်။ ဒီပုံစံလေးတွေကို အပ်ရင်း စံနဲ့တူတူ ကုသိုလ်မျိုးစေ့လေး တူတူစိုက်ရအောင်နော်ဒီလဆွဲပေးမှာက ပေါ့ပေါ့ပါးပါးစတိုင် Profile Picture ပုံလေးပါ၊ သင့်ရဲ့ဓာတ်ပုံလေးပေးဖို့လိုပါမယ်၊ ဆွဲပြီးရင် Digital PNG နဲ့ ပို့ပေးပါတယ်၊ fees က pay-what-you-want system ဖြစ်ပြီး တစ်လကို ပုံ(၅)ပုံသာ လက်ခံပါတယ်၊ နမူနာပုံလေးက Website အစရဲ့ ပရိုဖိုင်လို ရိုးရိုးရှင်းရှင်းပုံစံလေးပါ


✨ ရှုခင်းအပြင် လူပုံလေးတွေပါ အပ်ချင်ရင် Digital နဲ့ အပ်လို့ရပါတယ် | 20000~50000

Stylized Art Style နဲ့ ဆွဲပါတယ်၊ ဒီ့အပြင် ကိုယ်ကြိုက်တဲ့ သီချင်း၊ ဇာတ်ဝင်ခန်းထဲက Scene လေးတွေလည်း အပ်လို့ရပါတယ်။

မင်္ဂလာပါ၊ TdSANပါ၊ သူငယ်ချင်းတွေကတော့ စံ လို့ ခေါ်ကြပါတယ်။ ပန်းချီနဲ့ပတ်သက်တဲ့ ပန်းတိုင်ကတော့ ပျော်ပျော်ကြီး ပုံဆွဲဖို့နဲ့ ဝင်ငွေဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။ စံ့ရဲ့ ပန်းချီတွေကို ကြိုက်ပေးကြလို့ ပျော်ရွှင်မိပါတယ် 🫶ပုံအပ်တာနဲ့ ပတ်သက်ပြီး မေးစရာများရှိရင် telegram ဒါမှမဟုတ် [email protected] ကနေတစ်ဆင့် စာပို့ထားလို့ရပါတယ်။ လိုင်းသုံးတဲ့အခါ ချက်ချင်းစာပြန်ပေးပါမယ်နော်။ ပုံလေးတွေကို ကြည့်ချင်ရင်လည်း ဒီ Social Media တွေမှာ စောင့်ကြည့်ပေးပါဦး ^^


TOS - General, Payment & Time, Revisions, Refund, Copyright

ဆွဲသည်မဆွဲပါ
လူပုံstylizedပုံတူ realism
သဘာဝရှုခင်းများ၊ ဓာတ်ပုံထဲမှ အမှတ်တရများစက်ပစ္စည်း၊ ယာဥ်များ
စိတ်ကူးထဲက နေရာလေးအခြားအားတစ်၏ ပုံအား ပြင်ဆွဲခြင်း
အကောင်လေးတွေ၊ သစ်ပင်ပန်းမန်AI reference အတိုင်း ချွတ်စွပ်ကူးဆွဲခြင်း

အသိပေးချက်နှင့် စည်းမျဉ်းများ🔹Traditional Art: စာရွက်သားပေါ်မှာ တိုက်ရိုက် ဆွဲတာဖြစ်ပြီး ပန်းချီကားပြီးပါက deli လက်ထဲ သေချာအပ်ပေးပါတယ်။ (deli ခကို Client မှ ကျခံရပါမယ်၊ packaging fees ကိုတော့ အားတစ်မှ စိုက်ပါတယ် ^^ )
🔸Digital art: ပုံကို Digital format (JPEG / PNG with 300dpi) နဲ့ ပို့ပေးပါတယ်
🔸ဖော်ပြပါနှုန်းများသည် စီးပွါးဖြစ်အတွက်မဟုတ်ပါ၊ သီးသန့်သုံးရန် Personal Use အတွက်သာ ဖြစ်ပါတယ်။
🔸နမူနာပြထားတဲ့ ကိုယ်ပိုင်စတိုင်လ်များနဲ့သာ ဆွဲပေးမှာပါ။
🔸 Wavepay/AYApay ကနေ ငွေလက်ခံပါတယ်
🔸 အော်ဒါအတည်ပြုပြီးတာနဲ့ ငွေတစ်ဝက်ဖြစ်စေ အရင်ကြိုရှင်းရပါမယ်။ ကျန်ငွေရှင်းပြီးမှသာ ဒီဂျစ်တယ်ဖိုင်ပို့ခြင်း/ deli အပ်ပေးခြင်း လုပ်ပါမယ်။
🔸 စောင့်ရန် ကြာချိန် ၁ပတ် (အော်ဒါအနေအထားပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်နော်)
🔸 ပုံဆွဲစဉ် အဆင့်ဆင့်ကို မကြာခဏပြပေးမှာပါ၊ မကြိုက်တဲ့အပိုင်းများရှိရင် ဒီအဆင့်တွေအတွင်း ပြောပေးပါ (ပုံအားလုံးပြီးသွားတော့မှ အစကနေပြန်ပြန်ပြင်ဖို့က မဖြစ်နိုင်လို့ ကြိုပြီးမေတ္တာရပ်ခံတာပါ >_<)
🔸 ပုံကြမ်း စပြီး မဆွဲခင် အော်ဒါကို ပယ်ဖျက်ပါက စရံငွေအားလုံး ပြန်ပေးပါမယ်။
🔸 ပုံစဆွဲနေတဲ့အချိန်အတွင်း Client ဘက်ကနေ အော်ဒါကို ပယ်ဖျက်မယ်ဆိုရင် ငွေပြန်မအမ်းပါ၊သို့သော် အားတစ်ဘက်မှ အရေးပေါ်အခြေအနေများရှိလာခဲ့လို့ ပုံမပြီးနိုင်ဘူးဆိုရင်တော့ ငွေပြန်အမ်းပေးပါတယ်။
🔸 ပုံ၏ မူပိုင်ခွင့်အားလုံးကို မူရင်းရေးဆွဲသူမိမိသာ ပိုင်ဆိုင်ပြီး အားတစ်၏ အကောင့်များတွင် ကော်မစ်ရှင်ပုံ Portfolio အနေနဲ့ တင်ခွင့်ရှိပါတယ်၊ Client ဘက်မှလည်း တင်တဲ့အခါ မူရင်းရေးဆွဲသူကို စီလျော်စွာ Credit ပေးရပါမယ်။
🔸ဤပုံများကို အခြားနေရာများတွင် ပြန်လည်အသုံးပြု ရောင်းချခြင်း၊ AI Training၊ NFT စတဲ့နယ်ပယ်များတွင်လည်း အသုံးပြုခြင်းကို အခိုင်အမာတားမြစ်ပါတယ်။
🔸 အားတစ်၏ ခွင့်ပြုချက်မပါဘဲ ပုံကို ပြောင်းလဲပြင်ဆင်ခြင်း၊ မိမိ၏ လက်မှတ်တို့ကို ဖျက်ပစ်ခြင်း စသည်တို့ကို မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
( အသိပေးစည်းကမ်းချက်များကို ကြိုတင်ဖတ်ရှုပြီး သဘောတူလိုက်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Client ရဲ့မက်ဆေ့ချ်ကို စံလိုင်းသုံးတဲ့အခါ ချက်ချင်းစာပြန်ပေးပါ့မယ်၊ စိတ်ရှည်ရှည်နဲ့စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်) ^^

ဟယ်လို၊ ဆွေးနွေးတိုင်ပင်ချင်တာ၊ စကားပြောဖို့ လူလိုအပ်နေတာ၊ ကတ်တွေရဲ့ အကူအညီကို ယူဖို့လိုနေတာဆိုရင် Coral Card ရဲ့ စံရှိပါတယ်။ ရှေ့ဖြစ်ဟောကို အဓိကမဟုတ်ဘဲ သင်ကိုယ်တိုင် အခြေအနေကို ရှင်းလင်းစွာသိနားလည်ဖို့၊ စိတ်ရှုပ်နေတာတွေ ပေါ့ပါးသက်သာသွားဖို့၊ လိုချင်တဲ့အနာဂတ်ဆီ သွားဖို့ လမ်းကို ပြပေးပါ့မယ်။


🌟 ကြိုက်ရာမေး မေးခွန်း၁ခုကို Happy Money 3000Topic အလိုက်ဆိုရင်
🌟3 cards spread (Happy Money 5000)
- mind, body, spirit
- past, present, future
- စသဖြင့်ကို ကတ်၃ကတ် + အရံကတ်များဖြင့် ကြည့်ပါတယ်
🌟 Daily Life Tarot | 5 cards (Happy Money 8000)
- တဲရော့ကနေ ရတဲ့အသိပညာတွေကို နေ့စဥ်ဘဝထဲမှာ အသုံးချနိုင်ဖို့
🌟Celtic Cross | 10 cards (Happy Money 15000)
- ကိုယ့်ရဲ့ အတွင်း၊ အပြင် wholeness ကို မြင်နိုင်ဖို့
- အခြေအနေတစ်ခုကို သေချာသုံးသပ်နိုင်ဖို့
- အသေးစိတ် အများကြီးသိချင်သူတွေအတွက် သင့်တော်ပါတယ်


🍵 Oracle လေးက သင့်ကို သိမ်မွေ့နူးညံ့စွာနဲ့ ဘာတွေပြောနေလဲ ကြည့်ရအောင် | Tea Leaf Message တစ်ခါဖတ် 3000
- ကိုယ့်အတွက် သိဖို့လိုအပ်တာတွေကို လိုရင်းတိုရှင်း သိချင်သူများ၊ Guidance သဘောယူချင်သူများအတွက် သင့်တော်ပါတယ်

🌱The seed package (Happy Money ပမာဏ သတ်မှတ်မထားပါ၊ တစ်လလျှင် လူ(၅)ဦးအတွက်သာ ဖတ်ပေးပါတယ်)လအလိုက် လက်ခံမယ့် reading လေးတွေက အမြဲပြောင်းနေမှာပါ။ The seed packageလေးကနေ ရတဲ့ Happy Money တိုင်းကိုစုပြီး ကိုယ်လစဉ်ထည့်ကူနေကျ ကြောင်ဂေဟာလေး၂ခုအတွက် အလုံးစုံသုံးမှာဖြစ်ပါတယ်။ ဒီreading လေးကို ယူရင်း စံနဲ့တူတူ ကုသိုလ်မျိုးစေ့လေး စိုက်ရအောင်ဒီလအတွက် ဖတ်ပေးမယ့် Theme က "universe message လေး နားထောင်ကြည့်ရအောင်"


အသိပေးချက်နှင့် စည်းမျဉ်းများ🔸စံဟာ reading ကို Holistic Approach ကနေ ချဥ်းကပ်တာ ဖြစ်ပါတယ်။ အနာဂတ်ကို အတပ်မဟောပါ၊ ထိုအနာဂတ်ဆီ ဘယ်လိုသွားရမလဲဆိုတာကို လမ်းပြပေးသူသာ ဖြစ်ပါတယ်။
🔸အစီအရင်တွေ လုံးဝလုံးဝ မလုပ်ပေးပါဘူး။
🔸Reader နဲ့ Querent ကြား လူလူချင်း လေးစားတဲ့၊ ပညာရပ်အပေါ် လေးစားတဲ့ Reading Session လေးကို တူတူဖန်တီးရအောင်ပါ။
🔸Querent ရဲ့ အချက်အလက်များ၊ Conversation များဟာ Private ဖြစ်လို့ လုံခြုံစွာထိန်းသိမ်းပေးမယ်လို့ Reader အနေနဲ့ ကတိပြုပါတယ်။ Querent ဟာလည်း ဖတ်ကြားချက်များကို ၂ဦးကြားပဲ ထားပေးပါ။
🔸မည်သို့သော အကြောင်းအရာမျိုးကိုမျှ Querent ကိုယ်စား ဆုံးဖြတ်ပေးခြင်း လုံးဝ မလုပ်ပေးပါ။ ကိုယ်တိုင် ရွေးချယ်နိုင်အောင်သာ လမ်းကြောင်းများ ပြပေးမှာပါ။
🔸Reader သို့မဟုတ် Querent ဘက်မှ အဆင်မပြေမှုများရှိလာခဲ့ရင် Reading ကို ခေတ္တ/လုံးဝ ရပ်တန့်ခွင့်ရှိပါတယ်။
🔸Reading များအတွက် ဖတ်ရမယ့်ပုံစံလေးအပေါ် မူတည်ပြီး ကြာချိန်ဟာ Querent တစ်ဦးနဲ့တစ်ဦး မတူနိုင်လို့ စောင့်ပေးဖို့ လိုအပ်ပါတယ်။ မိမိအလှည့်ကို Waitlist ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။
🔸Reading ကို စာမက်ဆေ့ချ်ဖြင့်ဖြစ်စေ အသံဖိုင်နဲ့ဖြစ်စေ ပို့ပေးပါတယ်။
( Terms of Service ကို ကြိုတင်ဖတ်ပြီး လိုက်နာသဘောတူပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ စာပို့ပေးထားပါ၊ လိုင်းသုံးတာနဲ့ ချက်ချင်းစာပြန်ပေးပါ့မယ်နော် ^^ )


About Payment
စံ့ ရဲ့ reading လေးကို အသိမှတ်ပြုတဲ့သူ၊ တဲရော့ပညာရပ်ကို လေးစားသူ၊ reader အပေါ် လူလူချင်း လေးစားမှုရှိတဲ့သူမျိုးကိုပဲ လိုချင်မိပါတယ်။
မေးခွန်းများမေးတဲ့အခါ အမည်၊ အသက်၊ အကြောင်းအရာကို ပြောပါ၊ တိကျတဲ့ မေးခွန်းမေးပေးပါ။
နမူနာ - လစာကောင်းတဲ့ အလုပ်ရမှာလား၊ ဘယ်တော့လဲ❎
လစာကောင်းတဲ့အလုပ်ရဖို့ ဘာတွေက လိုအပ်ချက်ဖြစ်နေတာလဲ၊ ဘယ်လိုပြုပြင်သင့်လဲ✅ စသဖြင့်ပါ။
Reading လေးက ဒီလိုပုံစံဖြစ်ပါမယ်
1. အရင်ဆုံး စာပို့စကားပြော၊ ဖြစ်တဲ့ ပြဿနာလေး ပြောပြမယ်။ သိချင်တဲ့ မေးခွန်းလေးတွေ မေးမယ် / Package အလိုက် မေးမယ်
2. Happy Money ကို Wavepay သို့ AYApay ကနေ အရင်လွှဲပြီးမှသာ Booking မှတ်ပါတယ်။3. Querent ရဲ့ အလှည့်ကို Wait-list page လေးထဲ ဖြည့်ထားပါမယ်၊ ငွှေလွှဲဝင်ပြီး ၂ရက်အတွင်း အဖြေကို အသံဖိုင်ဖြစ်စေ၊ စာရေးပြီးဖြစ်စေ ပို့ပေးပါတယ်။4. yes/no ပဲ ဖြေတာမဟုတ်လို့ လိုအပ်ရင် လိုအပ်သလို အဟောတိုင်းမှာ Healing/ Guidance Message တွေ ပါဝင်မှာဖြစ်ပါတယ်။စေတနာအပြည့်နဲ့ ဖတ်ပေးတာမို့ ငွေကြေးကြောင့်ထက် ကိုယ့်ရဲ့ စေတနာကို မြင်လို့ လာဆက်သွယ်တာကို ပိုလိုချင်ပါတယ်။
Tarot နဲ့ Oracle က လမ်းညွှန်ပေးနိုင်တယ်၊ ကိုယ်တိုင်ဟာ Creator ဖြစ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့ ^^